ကီဗင်မီယာလက်စ်ဟာ ရိုမီယူလူကာကူကို အဲဗာတန်ဟာ မန်ယူထက်ပိုကောင်းတဲ့ အသင်းဖြစ်တယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။ အဲဗာတန်ကစားသမားဟောင်းနေရာမှာ ဝိန်းရွန်းနီ၊ ဆန်ဒရိုနဲ့ Davy Klaassen တို့ကအကောင်းဆုံးကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။
အဲဗာတန်ဟာ ဘယ်လ်ဂျီယမ်လက်ရွေးစင်ကို ပေါင် ၇၅သန်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လူကာကူဟာ ၁၃၃ပွဲမှာ ၇၁ဂိုးသွင်းထားပြီး ဂွတ်ဒီဆင်ပတ်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ မီယာလက်စ်က အရေးပါတဲ့ တိုက်စစ်မှူးနေရာမှာ အကောင်းဆုံး အစားထိုးနိုင်ဖို့ မျှော်လင့်နေတာပါ။
သူကတကယ်အရေးပါတဲ့ ကစားသမားပါ။
ဒါပေမယ့် သူသွင်းတဲ့ဂိုးတွေကို သွင်းနိုင်မယ့် ကစားသမားတွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ Daily Mail ကို ပြောခဲ့ပါတယ်။
#sport.thithtoolwin.com
Ref: Metro
0 comments :
Post a Comment