Powered by Blogger.

မန်ယူအသင်းကိုရောက်ရှိဖို့  နီးစပ်နေပြီဖြစ်တဲ့ ရီနာတို ဆန်းချက်စ်


ထွက်ပေါ်လာတဲ့သတင်းများအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ  တတိယမြောက် ခေါ်ယူမှုအဖြစ် ဘိုင်ယန်မြူးနစ်အသင်း ကစားသမား ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့  နီးစပ်နေပြီလို့ သိရပါတယ်။

 ပေါ်တူဂီလူငယ်ကွင်းလယ်ကစားသမားလေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြဖို့  ရုန်းကန်နေရပြီးနောက် ဂျာမန်ချန်ပီယံတွေဟာ ဆန်းချက်စ်ကို သင့်တော်တဲ့ ဈေးနှုန်းသာ ရရှိပါက ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့   ဥက္ကဌ ရူမန်နီဂီက အဆိုပါ ပေါ်တူဂီကြယ်ပွင့်ဟာ ဒီနှစ်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုထားတယ်လို့သတင်းများကဖော်ပြထားကိုတွေ့ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
.
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment