Powered by Blogger.

ဘာစီလိုနာစတားနေမာ ပီအက်စ်ဂျီအသင်း ကိုပြောင်းရွေ့ ကစားဖို့ သဘောတူညီမူရရှိပြီဟု သတင်းထွက်နေ

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး နေမာဟာပီအက်စ်ဂျီအသင်းကိုပြောင်းဖို့သဘောတူညီမူရရှိထားပြီး ဘာစီလိုနာရဲ့ဆုံးဖြတ်ချက်ကိုသာစောင့်ဆိုင်းနေတယ်လို့ ပြင်သစ်အခြေစိုက်သတင်းစာများမှာဖော်ပြသွားခဲ့တာကိုတွေ့ ရပါတယ်။ ပီအက်စ်ဂျီဟာ နေမာအတွက်ပြောင်းရွေ့ ကြေး ပေါင် ၁၉၅ သန်းပေးချေဖို့ သဘောတူညီမူရရှိထားတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင်ကစားသမားနဲ့လည်းသဘောတူညီချက်ရယူထားပြီးဖြစ်ပေမယ့် ဘာစီလိုနာဘက်ကသူတို့ကစားသမားကိုရောင်းလိုစိတ်မရှိဘဲဖြစ်နေလို့ အဆင်မပြေသေးဘဲဖြစ်နေပါတယ်။နေမာဟာ ပီအက်စ်ဂျီမှာ လစာအများကြီးရမယ့်အပြင် ဘာစီလိုနာမှာ မက်ဆီရဲ့လောင်းရိပ်မိနေမှုကြောင့် အသင်းပြောင်းလိုနေတာဖြစ်တယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဗယ်ဗာဒီကတော့နေမာကို အသင်းမှာဆတ်လတ်ထိန်းသိမ်းသွားကြိုးပမ်းမယ်လို့ပြောသွားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment