Powered by Blogger.

ပရီးမီးယာလိဂ်ကို တကျော့ ပြန် ပြန်လည်ရောက်ရှိလာတဲ့ ဟာနန်ဒတ်


 မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်း မက္ကဆီကိုနိုင်ငံသား ဂျာဗီးယားဟာနန်ဒတ်ဟာ ပြောင်းရွှေ့ကြေးပေါင် (16)သန်းနဲ့ လေဗာကူဆင်အသင်းကနေ ၀က်စ်ဟမ်းအသင်းကို ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။

ဂျာဗီးယားဟာ မန်ယူအသင်းမှာ ငါးရာသီကြာကစားခဲ့ပြီ ၂၀၁၅ ခုနှစ်မှာ ရီရဲလ်မတ်ဒရစ်အသင်းသို့အငှားချထားခြင်းခံရပြီး ဂျာမန်ကလပ်လေဗာကူဆင်အသင်းသို့ အပြီးသတ်ရောက်ရှိသွားခဲ့ပါတယ်။ ဘွန်ဒတ်လီဂါမှာ နှစ်ရာသီဖြတ်သန်းခဲ့တဲ့ ဟာနန်ဒတ်ဟာ အသင်းအတွက် ၇၆ ပွဲကစားပေးခဲ့ပြီး ၃၉ ဂိုးထိ သွင်းယူခဲ့ပါတယ်။

“၀က်စ်ဟမ်းအသင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဒ်ဟာ ကမာ့အကောင်းဆုံးလိဒ်တစ်ခုလို့မြင်ပါတယ်။ ၀က်စ်ဟမ်းက ကမ်းလှမ်းလာတဲ့အချိန်မှာ ကျွန်တော်ကျေကျေနပ်နပ်ပဲ ခေါင်းငြိတ်ခဲ့တာပါ။ သိပ်ပြီးတော့ ခတ်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ခဲ့ပါဘူး”

“၀က်စ်ဟမ်းဟာလည်း သူ့ရာဇ၀င်နဲ့ သူရပ်တည်နေတဲ့ အသင်းပဲမို့လား။ ဒီရာသီကို သူတို့ပြင်ဆင်နေပုံနဲ့ လူအင်အားဖြည့်တင်းနေပုံကို ခင်ဗျားလည်း မြင်နေရတာပဲ အကောင်းဆုံးရာသီတစ်ခုဖြစ်လာပါလိ့မ်မယ်လို့မက္ကဆီကိုတိုက်စစ်မူးကပြောဆိုသွားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment