Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သတင်းထွက်နေတဲ့ အမ်ဘတ်ပီကို ကြားဖြတ်ကမ်းလှမ်းလိုက်တဲ့ မန်စီးတီး


ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီမူရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းထွက်လာတဲ့မိုနာကိုအသင်းရဲ့ တိုက်စစ်မူးလေးအမ်ဘက်ပီကို မန်စီးတီးအသင်းကလည်းကမ္ဘာစံချိန်တင်ပြောင်းရွေ့ ကြေးဖြင့် ကြားဖြတ်ကမ်းလှမ်း
လိုက်တယ်လို့သိရပါတယ်။

မန်စီးတီးအသင်းဟာ အဆိုပါ ၁၈နှစ်သားလေးကို ပြီးခဲ့တဲ့နှစ်က မန်ချက်စတာယူနိုက်တက်အသင်းကပြောင်းရွေ့ ကြေးပေါင် ၈၉သန်းဖြင့် ခေါ်ယူထားတဲ့ ပေါ့ဘာရဲ့တန်ကြေးထက်မြင့်မားတဲ့ပမာဏ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရီးရဲလ်အသင်းဟာ ဘာပေကို ယူရိုငွေ သန်း ၁၈၀ ဖြင့် ၆နှစ်စာချုပ်နဲ့ အကြိုသဘောတူညီမူရရှိခဲ့ပြီဟ မာကာသတင်းဌာနက မနေ့ ကဖော်သွားခဲ့တာပါ။

မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ကြာသာပတေးနေ့  LA မှာ ရာသီကြိုပွဲစဉ်ဖြစ်တဲ့  ICCဖလားကိုယှဉ်ပြိုင်ကစားကျမှာဖြစ်ပါတယ်။

    Mocha

  #sport.thithtoolwin.com

   Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment