Powered by Blogger.

ပေါင် သန်း၉၀ နဲ့ ကော်တင်ဟိုကို ထပ်မံကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာအသင်း



လီဗာပူးလ်အသင်းရဲ့  ကွင်းလယ်လူ ဖီလစ်ပီကော်တင်ဟိုဟာ ယခုနွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ရန် အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ကတ်တလန် အခြေစိုက်သတင်းစာတွေကဖော်ပြခဲ့တာကိုတွေ့ ပါတယ်။

ဘာစီလိုနာ အသင်းဟာ အဆိုပါ ဘရာဇီး ကွင်းလယ်လူကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်း ခံခဲ့ရပြီ ဒုတယအကြိမ် ပေါင် သန်း၉၀ဖြင့် ထပ်မံကမ်းလှမ်းလိုက်တာလို့သိရပါတယ်။ လီဗာပူးလ် အသင်း အနေနဲ့လည်း ကော်တင်ဟိုကို ၂၀၂၂ ခုနှစ် အထိ ဆက်လက် ရှိနေဖို့ ပြီးခဲ့တဲ့ ရာသီကမှ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ်ရှိ ကော်တင်ဟိုဟာ လီဗာပူးလ် အသင်း ကွင်းလယ်မှာ အရေးပါနေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း အနေနဲ့လည်း ကော်တင်ဟိုကို ခေါ်ယူဖို့ အတွက်ပေါင် သန်း၁၀၀ထိ သုံးစွဲဖို့အသင့်ရှိနေကြောင်းလည်း သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment