Powered by Blogger.

ဒီပို့တီဗိုအသင်းကို ပြန်လည်ပြောင်းရွေ့ တော့မယ့် လူးကပ်ပီရက်စ်




စပိန်လာလီဂါကလပ် ဒီပို့တီဗိုအသင်းသည် အာဆင်နယ်အသင်းကိုပြောင်းရွေ့ သွားခဲ့တဲ့ ၎င်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းဖြစ်သူ လူးကပ်စ်ပီရက်စ်အား ပြန် လည်ခေါ်ယူနိုင်ရေးအတွက် ပေါင် ၁၀သန်းဖြင့် တရားဝင်ကမ်းလှမ်းခဲ့ပြီဖြစ်ကြောင်း ဒီပို့အသင်းရဲ့ တရားဝင်ဝက်စ်ဆိုက်ကနေကြေငြာခဲ့ပါတယ်။

၂၀၁၆ခုနှစ်တွင် အာဆင်နယ်အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်တွင်ဟက်ထရစ်သွင်းဂိုးနှင့်အတူခြေစွမ်းပြနိုင်မှုများရှိခဲ့သည့်လူးကပ်စ်သည်နောက်ပိုင်းပွဲ စဉ်များတွင်ဒဏ်ရာပြဿနာများကြောင့်ကြံ့ခိုင်မှုမပြည့်ဝခြင်း၊နည်းပြအာစင်ဝင်းဂါးနှင့်အဆင်မပြေမှုများကြောင့်ပွဲထွက်ကစားခွင့်ဆုံးရှုံးခဲ့သည့်အတွက်အသင်းပြောင်းရွှေ့ လိုကြောင်း တရားဝင်တောင်းဆိုထားပြီးလည်းဖြစ်သည်။

 လူးကပ်စ်ပီးရက်စ်ဟာ  ၂၀၁၈ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့လိုအပ်နေပြီး လက်ရွေးစင်အသင်းအတွက် ကစားပေးချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ လာလီဂါကိုပြန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ ဟု ပြော ဆိုခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment