Powered by Blogger.

လူကာကူကို မန်ယူအသင်း အပြီးသတ်ခေါ်ယူ



မန်ယူအသင်းဟာ အဲဗာတန်အသင်းက ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီးတော့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

လူကာကူကို ခေါ်ယူနိုင်ခဲ့ကြောင်း မန်ယူက လူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုက်တွေမှာ တရားဝင်ကြေငြာခဲ့တာပါ။ ပေါင် ၇၅သန်းနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားကို Add-ons အနေနဲ့ပါထည့်တွက်ရင် ပေါင်သန်း ၉၀အထိ တန်ဖိုးကြီးသွားမှာပါ။

ချယ်လ်ဆီးမှာလက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် မော်ရင်ဟိုက “ရိုမီယူဟာ နဂိုသန်စွမ်းတဲ့ ကစားသမားဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရပါကစားသမားကောင်း တစ်ဦးဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
လူကာကူကလည်း သူ့အနေနဲ့ မန်ယူလို အသင်းကြီးကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် ဝမ်းသာအားရဖြစ်မိကြောင်း လူမှုကွန်ယက်မှာ ဖော်ပြခဲ့ပါတယ်။

    Brucee

   #sport.thithtoolwin.com

    Ref: Express

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment