Powered by Blogger.

ICC ဖလားပြိုင်ပွဲမှာ ရီးရဲလ်အသင်းကစီရော်နယ်ဒိုမပါဝင်ပေမယ့် ဘာစီလိုနာအသင်းကMSN တိုက်စစ်အတွဲပါဝင်မည်


အမေရိကန်နိုင်ငံမှာယှဉ်ပြိုင်ကစားမယ့် International Champion Cup ပြိုင်ပွဲမှာရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်မူးစီရော်နယ်ဒိုချန်လှပ်ထားခဲ့ပြီး မဟာပြိုင်ဘက်ဘာစီလိုနာအသင်းကတော့ MSN တိုက်စစ်အတွဲဖြစ်တဲ့မက်စီ၊ဆွာရက်စ်၊နေမာတို့ ကိုခေါ်ဆောင်လာမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာကစားသမား ၂၆ဦးထိအမေရိကခြေစမ်းပွဲသို့ ခေါ်ဆောင်လာခဲ့ ပြီး Ballon D'or လေးဆုရှင်ခရစ်စတီယာနိုရော်နယ်ဒိုကို အနားပေးခဲ့တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ ရုရှားနိုင်ငံမှာကျင်းပတဲ့ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာပေါ်တူဂီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ ရပြီးပေါ်တူဂီအသင်းကိုဆီးမီးဖိုင်နယ်အဆင့်ထိရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက်၃၂နှစ်အရွယ်ရှိတဲ့၎င်းတို့ ရဲ့ တိုက်စစ်မူးကိုနားရက်ရှည်ပေးခဲ့ ပြီး သြဂုတ်လမှအသင်းနဲ့လာရောက်ပူးပေါင်းမယ်လို့ သိရပါတယ် ။

နည်းပြဇီဒန်းဦးဆောင်တဲ့ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျုလိုင်လ၂၃ရက်နေ့ မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ ICC ဖလားအဖွင့် ပွဲစဉ်မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဂါရက်ဘေးလ်၊ဘန်ဇီမာ၊ တိုနီခရူး၊မိုဒရစ်၊မာဆယ်လိုအစရှိတဲ့ ကစားသမားများပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်အသင်းရဲ့ ကစားသမားသစ်သီယိုဟာနန်ဒက်လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment