Powered by Blogger.

အာဆင်နယ်မှာ ကျောနံပါတ် ၉ ကိုဝတ်ဆင်မယ့် လာကာဇက်



အာဆင်နယ်အသင်းက လောလောလတ်လတ် ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် အန်ဒရေ လာကာဇက်ဟာ လန်ဒန်ကလပ်မှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်အနေနဲ့ အာဆင်နယ်အသင်းမှာ လာမယ့် တနင်္ဂနွေနေ့ကျရင် ကစားသွားမယ့် အသင်းဟောင်း လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာ စတင်ပွဲထွက်သွားဖို့ ရှိနေတာပါ။

လူငယ်ကစားသမားဖြစ်တဲ့ လူးကပ်စ်ပီရက်ဇ်ဟာ ယခင် ကျောနံပါတ် ၉ကို ဝတ်ဆင်တာဖြစ်ပေမယ့် ယခုအခါမှာတော့ နံပါတ် ၂၈ကို ပြောင်းလဲဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီသီတင်းပတ်အတွင်းမှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှာ နှစ်ပွဲကစားမှာ ဖြစ်ပြီးတော့ လာမယ့် ဇူလိုင် ၁၉ရက်နေ့ကျရင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံသွားမှာပါ။

     Brucee

    #sport.thithtoolwin.com

    Ref: SkySports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment