အက်စတွန်ဗီလာအသင်းနှင့် တရားဝင် စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တဲ့ ချဲလ်ဆီးဂန္ဓ၀င်ကစားသမား ဂျွန်တယ်ရီ
ချယ်ဆီးဂန္ထဝင်ကြီး ဂျွန်တယ်ရီကတော့ ဒီနေ့မှာ အက်စတွန်ဗီလာနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်ကို တရားဝင် ချုပ်ဆိုလိုက်ပါပြီ။ တရုပ်ကလပ်နဲ့ မေဂျာလိဂ်ကလပ်တွေ ကမ်းလှမ်းနေပေမယ့် ငွေနောက် မလိုက်ပဲ အင်္ဂလန် ဘောလုံးလောကမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်
တာလည်း ဖြစ်ပါတယ်။
ဂျွန်တယ်ရီ အနေနဲ့ ချန်ပီယံရှစ်က အက်စတန်ဗီလာကို ရွေးချယ်လိုက်တာကလည်း အသင်းဟောင်း ချယ်ဆီးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာကို ရှောင်လွှဲချင်တဲ့စိတ်ကြောင့်လို့ သိရပါတယ်။
တယ်ရီအနေနဲ့ ဗီလာမှာ တစ်ပတ် ပေါင် ရှစ်သောင်းရရှိမှာဖြစ်ပြီး ဗီလာကို ပရီးမီးယားလိဂ်တက်လှမ်းဖို့ ကူညီပေးနိုင်ရင် အပိုဘောနပ်စ်တွေ ရမှာ ဖြစ်ပါတယ်။
" ကျွန်တော် ကလပ်အသင်းသစ်နဲ့ စာချုပ် ချုပ်လိုက်ပါပြီ။ ချယ်ဆီးမှာ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးရာသီ (၂၂)ခုကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ အပြောင်းအလဲတွေ လုပ်ဖို့ အချိန်တန်ပါပြီ။
ဗီလာဟာ အစဉ်အလာရှိပြီး ကြီးကျယ်ခမ်းနားတဲ့ ကလပ်ဖြစ်သလို သူတို့ဟာ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းဖို့ ကြိုးစားနေပါတယ်။ ပရီးမီးယားလိ၈်ဟာ သူတို့နဲ့ ထိုက်တန်တဲ့ နေရာပါ " လို့ တယ်ရီက ဆိုခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment