Powered by Blogger.

အာဆင်နယ်အသင်းသို့ ရောက်ရှိတော့မယ့် လာကာဇက်တီ


လိုင်ယွန် အသင်း တိုက်စစ်မှူး လာကာဇက်တီဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိဖို့ အတွက် လက်တစ်ကမ်း အလိုမှာ ရှိနေကြောင်း သိရပါတယ်။ အဆိုပါ ပြင်သစ် တိုက်စစ်မှူးဟာ အာဆင်နယ်ကို ကလပ်အသင်း စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းနဲ့ ရောက်ရှိဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံးစံချိန်တင် အပြောင်းအရွှေ့ အဖြစ် ၂၀၁၃ ခုနှစ်မှာ ဂျာမနီ ကွင်းလယ်လူ အိုဇေးလ်ကို ရီးရဲလ်မက်ဒရစ် အသင်းကနေ ခေါ်ယူခဲ့စဉ်က ပေါင် ၄၂.၅ သန်း ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

လာကာဇက်တီ နဲ့ အာဆင်နယ် အသင်းတို့ အပြောင်းအရွှေ့ဟာ လာမယ့် ၄၈ နာရီ အတွင်းမှာ အပြီးသတ် ဖြစ်မြောက်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

  Mocha

 #sport.thithtoolwin.com

  Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment