Powered by Blogger.

ချယ်လ်ဆီးကိုလာဖို့ သဲလွန်စပေးလိုက်တဲ့ ဘာကာယိုကို




ချယ်လ်ဆီးနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့ကြောင်း သတင်းတွေ ထွက်လာပြီးနောက်မှာ မိုနာကို ကွင်းလယ်ကစားသမား ဘာကာယိုကိုဟာ ချယ်လ်ဆီးကိုလာဖို့ သေချာသလောက်ဖြစ်သွားစေခဲ့တဲ့ Hints တစ်ခု ချပေးခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ဒီနွေအပြောင်းအရွှေ့မှာ ဘာကာယိုကိုကို စတန်းဖို့ဒ်ဘရစ်ခ်ျထံ အရောက်ခေါ်ဖို့ ကြိုးပမ်းနေခဲ့တာပါ။ ပရီးမီးယားလိဂ်ချန်ပီယံအနေနဲ့ ဘာကာယိုကိုအတွက် ယူရို ၃၇သန်းလောက် သုံးစွဲခဲ့ရပြီး သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့တာပါ။ အဲ့ဒီအပြင် ဒီမနက်မှာလည်း ချယ်လ်ဆီးနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့ကြောင်း The Sun ကဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းဟာလည်း အသက်၂၂နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးပေမယ့် အပြာရောင်တွေက လက်ဦးမှုရယူခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ နီမန်ဂျာမာတစ်ကို ဆရာဟောင်းဖြစ်သူ မော်ရင်ဟိုက အိုးလ်ထရက်ဖို့ဒ်ကို အရောက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုနေကြပါတယ်။

ဒီမနက်မှာတော့ ချယ်လ်ဆီးတိုက်စစ်မှူး မစ်ချီဘက်ရှုအာယီတင်ထားတဲ့ ကော့ဘ်ဟမ်းက လေ့ကျင့်ရေးဗီဒီယိုကို ဘာကာယိုကိုက Like လုပ်သွားခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးနဲ့ ဆက်ဆံရေး အကောင်းဆုံး ဖြစ်နေပြီး လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ကန်တေ၊ ဇူးမားတို့နဲ့အတူ တွဲဖက်ကစားလိုနေတယ်လို့ သတင်းတွေထွက်လာတာပါ။

 Brucee

 #sport.thithtoolwin.com

 Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment