Powered by Blogger.

မန်စီးတီးအသင်းမှာ အဲလ်ဗက်စ်နဲ့အတူ တွဲကစားချင်တယ်ဆိုတဲ့ ဂျီးဆပ်



မန်​စီးတီးရဲ့ ဘရာဇီးကြယ်​ပွင့်​ လူငယ်ကစားသမားလေး ဂါဘရီရယ်ဂျီးဆပ် ​မှာ ဂျူဗီတပ်​​နောက်​ခံလူ အဲလ်​ဗက်​စ်​နှင့်​အတူ စီးတီး၌ ကစားခွင့်​ ရဖို့ ​မျှော်​လင့်​​နေပါတယ်လို့ ပြောလိုက်ပါတယ်​။34 နှစ်​အရွယ်​ ဘရာဇီးသား အဲလ်​ဗက်​စ်​ဟာ အီတလီမှ ထွက်​ခွာ​တော့မည်​ဟု အတည်​ပြုထားပြီး ချယ်​ဆီးနှင့်​ သတင်းထွက်​​နေသည့်​တိုင်​ မန်​စီးတီးသို့ နှစ်​နှစ်​စာချုပ်​ဖြင့်​ လာကစားဖို့ ​သေချာသ​လောက်​ရှိ​နေပါပြီ။

20 နှစ်​အရွယ်​ စီးတီးတိုက်​စစ်​မူး ဂျီးဆပ်​မှ ''အဲလ်​ဗက်​စ်​ရဲ့ အ​ပြောင်းအ​ရွှေ့  အတည်​မဖြစ်​​သေးပါဘူး။ ဒါ​ပေမယ့်​ သူသာ စီးတီးလာရင်​ ကျွန်​​တော်​ အရမ်း​ပျော်​မှာပါ''

"သူ့ရဲ့ အရည်​အချင်းတစ်​ခုတည်း​ကြောင့်​ မဟုတ်​ပါ ဘူး။ ဘာလို့လည်း ဆို​တော့ သူဟာ ဘဝအတွက်​​ကော အသင်းအတွင်​ပါ စိတ်​ဓာတ်​မြင့်​တင်​​ပေးနိုင်​တဲ့ ကစားသမာပါ။ သူ့ရဲ့ အစွမ်းကို ကျွန်​​တော်​ နှစ်​သက်​ပါတယ်​''
"ချယ်​ဆီးနဲ့ မန်​စီးတီးကြားမှာ​တော့ နည်းပြ ပက်​ဂွာဒီယိုလာက အ​ပြောင်းအလဲ လုပ်​​ပေးပါ လိမ့်​မယ်​'' လို့ ဆိုပါတယ်​။

Mocha

#sport.thithtoolwin.com

Ref: mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment