လူကာကူကို ထောက်ခံလိုက်တဲ့  ချယ်ဆီး ဂန္တဝင် လမ်းပတ်
ချယ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း လမ်းပတ်မှ အသင်းဟောင်းအနေဖြင့် တိုက်စစ်မူးကော်စတာ ထွက်ခွာဖြစ်ပါက ၎င်းနေရာ အစားထိုးဖို့ အဲဗာတန်တိုက်စစ်မူး လူကာကူအား ထောက်ခံလိုက်ပါတယ်။24 နှစ်သား လူကာကူဟာ အသင်းဟောင်းချယ်ဆီးသို့ ပြန်လာမည်ဟု သတင်းထွက်နေသူဖြစ်ပြီး လမ်းပတ်မှ သူနှင့်အတူ ချယ်ဆီး၌ သုံးနှစ်ကြာ ဖြတ်သန်းခဲ့ဖူးသူ လူကာကူအား ပြန်လည်ခေါ်ယူသင့်တယ်လို့ ဆိုပါတယ်။
"လူကာကူ လုပ်ပြခဲ့တာတွေကြည့်ပါ၊ အထူးသဖြင့် ပြီးသွားတဲ့နှစ်ကပေါ့၊ ပြီးတော့ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်း အများကြီး တိုးတက်လာသူပါ။ ဒီကောင်လေးကို ကျွန်တော်လေးစားမှုရှိသလို သူဟာ အကောင်းဆုံးတွေနဲ့ ထိုက်တန်သူပါ''
"ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်တို့ အတူလေ့ကျင့်ရေးကွင်းမှာ လူကာကူရဲ့ ကန်ချက်တွေ အလွန်ကောင်းတယ်။ ဘယ်နေရာကနေ မဆို ဂိုးကန်သွင်းနိုင်တဲ့သူပါ''
"ချယ်ဆီးအကြောင်း ပြောမယ်ဆိုရင်တော့ အသင်းအနေနဲ့ ကော်စတာထွက်ရင် ရှာဖွေရမယ့် တိုက်စစ်မူးမျိုးက လူကာကူလို ဖြစ်ပြီး သူဟာ သက်သေပြပြီးသား ကစားသမားပါ'' လို့ လမ်းပတ်မှ ပြောကြားခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment