Powered by Blogger.

၂၀၁၇/၁၈ ရာသီအတွက် အိမ်နဲ့ အဝေးကွင်း ဝတ်စုံသစ်တွေကို ရီးယဲလ်မက်ဒရစ်မိတ်ဆက်


လာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်ဟာ နောက်ရာသီမှာ ဝတ်ဆင်မယ့် ဝတ်စုံသစ်ကို စီရော်နယ်ဒိုအပါအဝင် စီနီယာကစားသမားတွေနဲ့ မိတ်ဆက်ပြသလိုက်ပါတယ်။


ရိုးရာအတိုင်း အဖြူရောင်ဝတ်စုံဟာ ၂၀၁၇/၁၈ရာသီအတွက်ကတော့ အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အစင်းကြောင်းတွေကိုတော့ အပြာနုရောင် Stripes တွေအဖြစ်နဲ့ Adidas က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကလပ် ၁၁၅နှစ်ပြည့်အထိန်းအမှတ်အနေနဲ့ တံဆိပ်အသေးလေးကို ဝတ်စုံအောက်ဖက်ပိုင်းနားမှာ ထည့်သွင်းထားကြောင်းလည်း သိရပါတယ်။

ဝတ်စုံညာဘက်ရင်အုပ်မှာ ရွှေအိုရောင် ‘FIFA World Champions’ ဆိုတဲ့ တံဆိပ်ကို ခတ်နှိပ်ထားပြီးတော့ V-nech ဒီဇိုင်းပုံစံဖြစ်ပါတယ်။

အဝေးကွင်းဝတ်စုံဒီဇိုင်းမှာတော့ ဇီဒန်းကို အထိန်းအမှတ်ပြုထားတဲ့ ပုံစံအနေနဲ့ ၂၀၀၀ ခုနှစ် ချန်ပီယံလိဂ်ဖလားရတုန်းက ဝတ်စုံရဲ့ အရောင်ကိုပြန်လည် ဖန်တီးထားတာ ဖြစ်ကြောင်း သိရပါတယ်။


Brucee

#sport.thithtoolwin.com

Ref: Sky Sports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment