ပြင်သစ်ကလပ် PSG အသင်းဟာ အကယ်၍ မက်ဒရက်အသင်းမှ ဘေးလ်အား ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါက ဝေးလ်စ်သားအား ခေါ်ယူကမ်းလှမ်းသွားဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။
ရီရဲမက်ဒရက်အသင်းဟာ မိုနာကိုတိုက်စစ်မူး Mbappe အား ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အကယ်၍ 18 နှစ်သားအား ခေါ်ယူနိုင်ခဲ့ပါက BBC ထဲမှ တစ်ဦးအား ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
PSG အသင်းမှလည်း Mbappe အား ကမ်းလှမ်းထားပေမယ့် ကစားသမားကိုယ်တိုင်တော့ မိုနာကိုမှ ထွက်ခွာ ဖြစ်ပါက မက်ဒရက်သို့သာ ရောက်ဖို့ ရှိနေပါတယ်။
အဆိုပါ အနေအထားကြောင့် PSG မှ ဂါးရက်ဘေးလ်အား ပစ်မှတ်ထားလာသလို Plan.B အဖြစ် မန်စီးတီးတိုက်စစ်မူး အဂူရိုအား ချိန်နေပါတယ်။
Mocha
#sport
Ref: mirror
0 comments :
Post a Comment