Powered by Blogger.

ဘောလုံးအားကစားမှ အနားယူပြီလို့  ကြေငြာလိုက်တဲ့ အာဘီလိုအာ



ဝက်စ်ဟမ်း၊ ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးလ် အသင်း နောက်ခံလူဟောင်း အာဘီလိုအာဟာ ဘောလုံး လောက ကနေ အနားယူပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။ အဆိုပါ နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက ၀က်စ်ဟမ်း အသင်းမှာ ကစားခဲ့ပြီး အသင်း အတွက် ၃ ပွဲသာ ကစားခွင့် ရရှိခဲ့ကာ ပြီးခဲ့တဲ့ မေလမှာ အသင်းနှင့် လမ်းခွဲခဲ့ပါတယ်။

 အသက် ၃၄ နှစ် အရွယ်ရှိ နောက်ခံလူ အာဘီလိုအာဟာ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၈၊ ယူရို ၂၀၁၂ နှင့် ချန်ပီယံလိဂ် ဖလား ၂ ကြိမ် အပြင် လာလီဂါ ဖလား တစ်ကြိမ် ရရှိထားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ စပိန်မာကာ သတင်းစာနှင့် အင်တာဗျူးမှာတော့ အာဘီလိုအာက အခု အချိန်မှာတော့ နှုတ်ဆက်ဖို့ အချိန်တန်နေပါပြီ။

 ကျွန်တော်ဟာ ဆက်ပြီး ကစားဖို့ ကြံ့ခိုင်မှုကတော့ အကောင်း ဆုံးတော့ ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ် အသင်း အတွက်ကို ၇ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားတွေ ရယူကာ လီဗာပူးလ် အသင်း အတွက်လည်း ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အထိ ပွဲ ၁၀၀ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

 Mocha

#sport.thithtoolwin.com

 Ref: daily
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment