Powered by Blogger.

မော်ရင်ဟိုရဲ့ဖခင် ကွယ်လွန်




မန်ယူအသင်းရဲ့ မန်နေဂျာဖြစ်သူ ဟိုဆေးမော်ရင်ဟိုရဲ့ ဖခင်ဖြစ်သူ Felix ဟာ အသက် ၇၉နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ နည်းပြအနေနဲ့ သူ့ရဲ့ ငယ်စဉ်ဘဝတုန်းက ဖခင်ဖြစ်သူနဲ့ ရှိနေတုန်းမှာ ရိုက်ကူးထားတဲ့ အဖြူအမဲဓာတ်ပုံကို Instagram အကောင့်မှာ ပြန်တင်ခဲ့ပါတယ်။

ဟိုဆေးမန်နျူရယ်မော်ရင်ဟိုဖိလစ်ဟာ ဘောလုံးသမားတစ်ဦးပဲဖြစ်ပြီးတော့ ကစားသမားဘဝမှာ Vitoria Setubal အသင်းအတွက် ဂိုးသမားတစ်ဦးအနေနဲ့ ပွဲပေါင်း ၂၅၀ကျော်ကစားခဲ့ပါတယ်။ သူဟာ မော်ရင်ဟို ပေါ်တူဂီမှာ ကစားစဉ်တုန်းကလည်း နည်းပြတစ်ဦးအနေနဲ့ ကလပ် ၁၁ခုကို ကိုင်တွယ်ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။

Felix ဟာနာမကျန်းမှုကို လပေါင်းအတော်ကြာခံစားနေခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဟိုဆေးအနေနဲ့ ဖခင်ဖြစ်သူကို ကြည့်ဖို့အတွက် ပေါ်တူဂီကို ပြန်သွားခဲ့ပါသေးတယ်။

Felix ဟာ သားဖြစ်သူ ချယ်လ်ဆီးကို တကျော့ပြန်ကိုင်တွယ်နေစဉ်မှာ နမိုးနီးယားရောဂါကြောင့် ဆေးရုံနဲ့ အိမ်ကို အသွားအပြန်လုပ်နေခဲ့ရတာပါ။ ဈာပနအခမ်းအနားကိုတော့ လာမယ့်အင်္ဂါနေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတယ်လို့ ပေါ်တူဂီမီဒီယာတွေက ဆိုပါတယ်။

  Brucee

#sport.thithtoolwin.com

 Ref: The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment