Powered by Blogger.

မိုနာကိုစတားဘာကာယိုကို ခေါ်ယူရန်သဘောတူညီမူ ရရှိသွားပြီးဖြစ်တဲ့ ချဲလ်ဆီးအသင်း


ချယ်​ဆီးအသင်းဟာ မိုနာကိုကစားသမား ဘာကာယိုကို ကို ​ပေါင်​ ၃၅.၂သန်းနဲ့ ​ခေါ်ယူဖို့ နှစ်​ဖက်​အသင်း သ​ဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်၊

ပြီးခဲ့တဲ့ရာသီကမိုနာကိုကို လွန်ခဲ့တဲ့၂၀၀၀ခုနှစ်နောက်ပိုင်းပထမဦးဆုံးအကြိမ်လီဂူးဝမ်းဆုဖလားနဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကိုပို့ဆောင်ကာပြင်သစ်ကလပ်ရဲ့ကွင်းလယ်မှာအထူးခြေစွမ်းပြကစားခဲ့တဲ့အသက်၂၂နှစ်အ၇ွယ်ဘာကာယိုကိုဟာယခုနှစ်နွေရာသီတစ်လျှောက်နည်းပြအန်တိုနီယိုကွန်တီရဲ့ပစ်မှတ်ဖြစ်နေပြီးအီတလီနည်းပြဟာလာမည့်ရာသီအတွက်မိုနာကိုကြယ်ပွင့်နဲ့အသင်းကိုအားဖြည့်သွားဖို့ဆန္ဒရှိနေပါတယ်။

RMC Sport ကဘာကာယိုကာဟာ လာမည့်တစ်ပတ်အစောပိုင်းမှာပဲ လန်ဒန်မှာလာရောက်ဆေးစစ်မှုခံယူသွားမှာဖြစ်တယ်လို့ဖော်ပြထားပြီး၎င်းသာချဲလ်ဆီးကိုရောက်လာခဲ့ရင်တော့ကွင်းလယ်လူနီမန်ဂျာမာတစ်ဟာဆရာဟောင်းဖြစ်သူဟိုဆေးမော်ရင်ညိုရှိတဲ့မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment