Powered by Blogger.

လီဗာပူးအသင်း ကိုရောက်ရှိသွားပြီ ဖြစ်တဲ့ မိုဟာမက်ဆာလက်



လီဗာပူးလ်အသင်းဟာ ရိုးမား အသင်းရဲ့ တောင်ပံ ကစားသမား  မိုဟာမက်ဆာလက်ကို အသင်းရဲ့  စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၉ သန်းဖြင့် ခေါ်ယူလိုက်တယ်လို့  သိရပါတယ်။ အဆိုပါ ကစားသမား ဟာ မာဆေးလ်ဆိုက်မှာ လီဗာပူးလ် အသင်းနှင့် အတူ ဆေးစစ်မှု ခံယူခဲ့ပြီး အပြောင်းအရွှေ့ အတွက်ကို အပြီးသတ် ဆောင်ရွက်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးလ် အသင်းဟာ ၂၀၁၁ ခုနှစ်က နယူးကာဆယ် အသင်း ကနေ တိုက်စစ်မှူး အန်ဒီကာရိုးလ်ကိုပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ယခုအခါမှာတော့ ဒီပမာဏကို ကျော်လွန် ခဲ့ပြီ ဖြစ်ပါတယ်။ မိုဟာမက်ဆာလက်ဟာ ဆွစ်ဇာလန် ကလပ် ဘေဆယ် အသင်းမှာ ကစားခဲ့ပြီး ချဲလ်ဆီး၊ ဖီအိုရင်တီးနားနှင့် ရိုးမား အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

 မိုဟာမက်ဆာလက်ဟာ လီဗာပူးလ် အသင်းမှာ ကျောနံပါတ် ၁၁ ဂျာစီကို ၀တ်ဆင်မှာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၉ သောင်းတန် နှစ်ရှည်စာချုပ်ကို ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။

   Mocha

  #sport.thithtoolwin.com

   Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment