Powered by Blogger.

ဂျာမနီအသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလား ပွဲထွက်လူစာရင်းမှာ ဆန်းချက်ဇ် ပြန်လည် ပါဝင်မည်


ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဂျာမနီ အသင်းနှင့် ဖီဖာကမ္ဘာ့တိုက်ကြီးများ ဖလား ပွဲစဉ် အတွက် ချီလီ အသင်း ပွဲထွက်လူစာရင်းမှာ ဆန်းချက်ဇ် ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။ အဆိုပါ အာဆင်နယ် ကစားသမားဟာ ယင်းပွဲစဉ် အတွက်ကို ကြံ့ခိုင်မှု အပိုင်း အနေအထားအရ အသင့် ဖြစ်နေပါပြီ။

သူဟာ ခြေချင်းဝတ် ဒဏ်ရာကြောင့် ကင်မရွန်း အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ချီလီ အသင်း အတွက်ကို လူစားဝင် ကစားသမား အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

 ဒါပေမယ့် ချီလီ အသင်း နည်းပြ ဂျူအန်အန်တိုနီယိုပစ်ဇီက ဆန်းချက်ဇ်ဟာ ဂျာမနီ အသင်းနှင့် ပွဲစဉ်မှာ ပါဝင်ဖို့ အတွက် အသင်း ဆေးအဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားကြောင်း ဆိုပါတယ်။ ချီလီ အသင်း ဂိုးသမား ဘရာဗိုကတော့ ကြံ့ခိုင်မှု အနေအထားအရ ယနေ့ည ပွဲစဉ်ကို ဆက်လက် လွဲချော်ဦးမယ်လို့ သိရပါတယ်

Mocha

#sport.thithtoolwin.com

Ref:Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment