Powered by Blogger.

အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့  ပွဲစဉ်ဇယားများ ထွက်ပေါ်


၂၀၁၇-၂၀၁၈ ရာသီ အတွက် အင်္ဂလန် လိဂ်ချန်ပီယံရှစ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာခဲ့ပြီး အဖွင့် ပွဲစဉ်ကိုတော့ သြဂုတ်လ ၄ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာတော့ ဆန်းဒါးလန်း အသင်းက ဒါဘီကောင်တီ အသင်းနှင့် ကစားရမှာ ဖြစ်ပြီး ဆန်းဒါးလန်း အသင်း အတွက်တော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း နောက်ဆုံး ၁၀ နှစ် အတွင်း ပထမဆုံး အကြိမ် လိဂ်ချန်ပီယံရှစ်မှာ ကစား ရမှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ ဟားလ်စီးတီး အသင်းကတော့ သြဂုတ်လ ၅ ရက်နေ့မှာ အက်စ်တွန်ဗီလာ အသင်းနှင့် အဝေးကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး မစ်ဒယ်ဘရော့ အသင်းကတော့ ၀ုလ်ဗာဟန်တန် အသင်းနှင့် အဝေးကွင်းမှာ ဦးစွာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လိဂ်ယူနိုက်တက် အသင်းကတော့ တန်းတက်လာခဲ့တဲ့ ဘော်လ်တန် အသင်းနှင့် အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ် play-off ဖိုင်နယ်မှာ ရှုံးခဲ့တဲ့ ရီးဒင်း အသင်းဟာလည်း ကျူပီအာ အသင်းနှင့် အဝေးကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။ နောက်ထပ် တန်းတက်လာခဲ့တဲ့ မီဝေါလ် အသင်းကတော့ နော်တင်ဟမ်ဖောရက်စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန် လိဂ်ချန်ပီယံရှစ် အဖွင့်ပွဲစဉ်

ဆန်းဒါးလန်း vs ဒါဘီကောင်တီ
အက်စ်တွန်ဗီလာ vs ဟားလ်စီးတီး
ဘရစ္စတိုးစီးတီး vs ဘန်စလေ
ဘာတန်အယ်ဗီလွန် vs ကာဒစ်ဖ်စီးတီး
ဖူလ်ဟမ် vs နောဝှစ်ခ်ျစီးတီး
အစ်ဆွစ်ခ်ျတောင်း vs ဘာမင်ဂမ်
နော်တင်ဟမ်ဖောရက်စ် vs မီဝေါလ်
ပရက်စတန် vs ရှက်ဖီးလ်ဝက်နက်စဒေး
ကျူပီအာ vs ရီးဒင်း
ရှက်ဖီးလ်ယူနိုက်တက် vs ဘရန့်ဖို့ဒ်
ဝုလ်ဗာဟန်တန် vs မစ်ဒယ်ဘရော့
ဘော်လ်တန် vs လိဒ်ယူနိုက်တက်

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment