Powered by Blogger.

မန်စီးတီးအသင်းနှင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည့် ဒန်နီရယ်အဲလ်ဗက်



ပရီးမီးယားလိဂ် အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီးနောက်ပိုင်း ဒန်နီရယ် အဲလ်ဗက်ဟာ ဂျူဗီအသင်းထံ ထွက်ခွာဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးကိုပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေမှာ သူ့ကိုခေါ်ယူဖို့ ချဲဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့သော်လဲ ကစားသမားဟာ ပက်နဲ့ ပြန်လက်တွဲဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီဖြစ်တယ်လို့ ယူဆရပါတယ်။

ကတ်တလန်သတင်းကတော့ အဲဗက်ဟာ မန်စီးတီးကို 2 နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲလ်ဗက်ဟာ ဂျူဗီနဲ့ လက်ရှိစာချုပ်ဟာ တစ်နှစ်ကျန်ရှိနေသေးတာမို့ ပြောင်းရွှေ့ကြေးအတွက် နှစ်ဖက်အသင်းတာဝန်ရှိသူတွေ ဆွေနွေးနေကြဆဲပါ။ ဂျူဗီကတော့ ပေါင် 5 သန်းခန့် အလိုရှိနေပြီး၊ မန်စီးတီးအသင်းက အလွတ်ကြေးနဲ့ပဲ ခေါ်ယူဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment