Powered by Blogger.

ဆရာဟောင်း မော်ရင်ဟိုနဲ့ ပူးပေါင်းဖို့ မန်ယူကို မာတစ်ပြောင်းရွှေ့လိုနေ




ချယ်လ်ဆီးကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ဟာ မော်ရင်ဟိုနဲ့ တစ်ဖန်ပြန်လည်ပူးပေါင်းဖို့အတွက် မန်ယူအသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေက ဆိုနေပါတယ်။ ဆားဘီးယားကွင်းလယ်ကစားသမားအနေနဲ့ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီဟာ သူ့ကို နောက်ပိုင်းမှာ ချန်လှပ်မှာကို စိုးရိမ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် မော်ရင်ဟိုဟာ အပြောင်းအရွှေ့ ပစ်မှတ်တွေအနေနဲ့ မာတစ်အပြင် စပါးကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာကိုလည်း စိတ်ဝင်စားနေပါတယ်။

မာတစ်ဟာ မော်ရင်ဟိုနဲ့အတူ နှစ်နှစ်ကျော်ကြာ လက်တွဲပြီးအောင်မြင်မှုတွေ ရယူခဲ့ဖူးပါတယ်။ ဒါပေမယ့် မာတစ်က Special One နဲ့ အသင်းလမ်းခွဲသွားချိန်မှာ အလွန်ကြေကွဲဝမ်းနည်းခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ပေါ်တူဂီနည်းပြဟာ မာတစ်ကို စပိန်ကွင်းလယ်ကစားသမား ဟွမ်မာတာနေရာမှာ အစားထိုးလိုနေတာပါ။ မာတာဟာ မန်ယူနဲ့အတူ တစ်နှစ်သာ စာချုပ်ကျန်တော့တာဖြစ်ပါတယ်။ မာတစ်ကို ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပြီးတော့ တူရင်ကလပ်ထံကနေလည်း ဆန်ဒရိုကို ခေါ်ယူလိုနေတဲ့ ချယ်လ်ဆီးအတွက် မာတစ်ဟာ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်လို့ ဆိုနေကြပါတယ်။



       Brucee

       #sport.thithtoolwin.com

        Ref: The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment