Powered by Blogger.

စာချုပ်လျော်ကြေး ပေါင်သန်း ၈၈၀ ရမှ ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ပီရက်ဇ်ဆို



 စာချုပ်လျော်ကြေး ပေါင်သန်း ၈၈၀ ပေးချေနိုင်တဲ့ ဘယ်အသင်းမဆို ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်တယ်လို့ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်က ဆိုလိုက်ပါတယ်။ ဘလွန်းဒီအော် ၄ဆုရှင်ဟာ ဘာနေဗျူးကနေ ဒီနွေမှာ ထွက်ခွာလိုနေတယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ရီးယဲလ်ဥက္ကဌပီရက်ဇ်က စပိန်ရေဒီယိုကို ပြောကြားရာမှာ “ကျွန်တော် ခရစ္စတီယာနိုနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပြီးကတည်းက စကားမပြောဖြစ်သေးပါဘူး” လို့ ဆိုခဲ့ပါတယ်။

အဲ့ဒီနောက် “ဒါပေမယ့် စာချုပ်က ပေါင်သန်း ၈၈၀ တန်ပါတယ်။ ဒါကြောင့် ဒီကြေးကို ပေးနိုင်တဲ့ အသင်းမရှိရင် သူထွက်ခွာခွင့်ရှိမှာ မဟုတ်ပါဘူး” လို့ ပီရက်ဇ်က ဆိုပါတယ်။ ပီရက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌအဖြစ် ၅ကြိမ်မြောက်ပြန်လည် ရွေးကောက်ခံခဲ့ရပါတယ်။

အသက် ၃၂နှစ်အရွယ်ကစားသမားအနေနဲ့ စပိန်အစိုးရကို ပေါင် ၁၃သန်း အခွန်ရှောင်ခဲ့တယ်လို့ သတင်းတွေထွက်လာတာကြောင့် ကစားသမားဟာ အသင်းမှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ထွက်လာပါတယ်။

ဒါပေမယ့် ဒီအကြောင်းကို ပီရက်ဇ်က ငြင်းဆိုခဲ့ပြီး “ခရစ္စတီယာနိုက တကယ်ကောင်းတဲ့သူပါ။ သူကဘယ်လိုနည်းနဲ့မှ ရာဇဝတ်ကောင်ဖြစ်မှာ မဟုတ်ပါဘူး။ ကွန်ဖက်ဒရေးရှင်းဖလားပြီးတာနဲ့ သူနဲ့ ကျွန်တော် စကားပြောဖြစ်မှာပါ။ သူကျွန်တော်တို့ကို စိတ်ပျက်နေတယ်လို့ မထင်ပါဘူး၊ သူကအခုလို အခြေအနေတွေကိုပဲ စိတ်ပျက်နေမှာပါ” လို့ ပီရက်ဇ်က ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အသင်းဟောင်း မန်ယူအသင်းက မျက်စိကျနေကြောင်း ကောလဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

     Brucee

    #sport.thithtoolwin.com

     Ref: The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment