Powered by Blogger.

ရီးရဲလ်မက်ဒရစ် ဥက္ကဌအဖြစ် ပီရက်ဇ်ပြန်အရွေးခံရ


ရီးရဲလ်လက်ရှိဥက္ကဌဖြစ်တဲ့ ပီရက်ဇ်ဟာ ဥက္ကဌရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းမရှိတဲ့အတွက် နောက်ထပ် ၄ နှစ်သက်တမ်းကို ပြန်လည်တာဝန်ထမ်ဆောင်ရတော့မယ်လို့သိရပါတယ်။

ရွေးကောက်ပွဲကျင်းပရေးအဖွဲ့က ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညသန်းခေါင်ယံအချိန် နောက်ဆုံးထားပြီး ကိုယ်စားလှယ်လျှောက်ထားကြဖို့ သတ်မှတ်ပေးခဲ့ပေမယ့် ဘယ်သူမှာ လျှောက်ထားသူမရှိလို့ ပီရက်ဇ်ကဘဲ ပြန်လည်တာဝန်ယူရတာဖြစ်ပါတယ်။

အသက် ၇၀ နှစ်ရှိပြီဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ပီရက်ဇ်ဟာ ရီးရဲလ်ကို ၂ ကြိမ်တာဝန်ယူခဲ့ပြီး ပထမတစ်ကြိမ်က ၂၀၀၀ ကနေ ၂၀၀၆ အထိဖြစ်ပြီးဒုတိယအကြိမ်က ၂၀၀၉ ကနေ ဒီနေ့အထိဖြစ်ပါတယ်။ လာမယ့်ရာထူးဟာ ၂၀၂၁ မှာသက်တမ်းကုန်မှာဖြစ်လို့ သူဟာ ရီးရဲလ်ကို ဦးဆောင်မှု ၁၈ နှစ်ရှိလာမှာဖြစ်ပါတယ်။
သက်တမ်းအားဖြင့်တွက်ရင်တော့ ပီရက်ဇ်ဟာ ၅ ကြိမ်မြောက်တာဝန်ယူရတာဖြစ်ပါတယ်။
 
    Mocha

  #sport.thithtoolwin.com
 
   Ref:Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment