Powered by Blogger.

လီဗာပူးနဲ့ ဆေးစစ်မှုခံယူနေပြီဖြစ်တဲ့ မိုဟာမက်ဆာလာ



ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၉သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့ မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ဆေးစစ်မှုခံယူနေပြီဖြစ်တယ်လို့ အီဂျစ်နိုင်ငံက သတင်းတစ်ရပ်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက အသက် ၂၅နှစ်အရွယ် ကစားသမားအတွက် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ ယူရို ၄၅သန်း (ပေါင် ၃၉.၄သန်း) ပမာဏနဲ့ စီးရီးအေအသင်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်တ
ယ်လို့ ဆိုပါတယ်။

ဒီညှိနှိုင်းမှုအတွက် ကွင်းလယ်ကစားသမားရဲ့ အေးဂျင့်ဟာ လန်ဒန်မြို့အထိ လာပြီး ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ အရင်ဆုံး လီဗာပူးအသင်းက ရိုးမားကို ပေါင် ၂၈သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ပေါင် ၃၅သန်းနဲ့ ထပ်တိုးကမ်းလှမ်းခဲ့ပြီး သဘောတူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။

Brucee

#sport.thithtoolwin.com

 Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment