Powered by Blogger.

ရီးရဲလ်မတ်ဒရစ်အသင်း အတွတ်သာမိုနာကိုကနေ ထွက်ခွာမယ်ဆိုတဲ့ အမ်ဘတ်ပီ



စပိန်အခြေစိုက်မာကာသတင်းစာရဲ့ ဖော်ပြချက်အရ အမ်ဘတ်ပီဟာ ရီးရဲလ်မတ်ဒရစ်အသင်းအတွတ်သာ မိုနာကိုအသင်းကနေထွက်ခွာမယ်လို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

အမ်ဘက်ပီကို ဥရောအသင်းကြီးတော်တော်များများက ချိတ်ဆတ်နေပြီးအာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ လည်းအပါဝင်ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ်ပြင်သစ်လက်ရွေးစင်ကစားသမားလေးဟာ ဘာနေဗြူးကိုပြောင်းရွှေ့ ကစားချင်နေတယ်လို့ မာကာသတင်းဌာနကဖော်ပြသွားခဲ့ ပါတယ်။

အသက်၁၈နှစ်အရွယ်တိုက်စစ်ကစားသမားလေးဟာ ပြီးခဲ့ တဲ့ရာသီမှာမိုနာကိုအသင်းအတွတ်သွင်းဂိုး ၂၆ဂိုးသွင်းယူခြေစွမ်းပြထားကာအပြောင်းရွှေ့ ရာသီမှာ ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးအဆိုပါကစားသမားလေးကို ရီးရဲလ်မတ်ဒရစ်အသင်းက အသင်းနဲ့ အနာဂါတ်မရေရာဖြစ်နေတဲ့ စီရော်နယ်ဒိုရဲ့ နေရာမှာအစားထိုးဖို့ အရှိန်မြင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။

ပေါ်တူဂီစူပါစတား စီရော်နယ်ဒိုဟာ စပိန်နိုင်ငံအခွန်ရုံးရဲ့ စွတ်စွဲချက်နဲ့ ပါတ်သတ်ပြီး အတော်စိတ်ပျက်နေကာစပိန်ကလပ်အသင်းကနေထွက်ခွာချင်နေပြီး အသင်းဟောင်းမန်ချက်စတာယူနိုက်အသင်းကိုပြောင်းရွှေ့ ချင်နေတယ်လို့ သိရပါတယ်။ရီးရဲလ်အသင်းရဲ့ နည်းပြဇီးဒန်နှင့် အသင်းခေါင်းဆောင်ရာမို့ တို့ ကလည်းရော်နယ်ဒိုဆီဖုန်းဆတ်ပြီးအသင်းကနေမထွက်ခွာဖို့ ဖြောင်းဖြခဲ့ တယ်လို့ သိရပါတယ်။

 Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment