Powered by Blogger.

ဘာစီလိုနာအသင်းသို့  ပြောင်းရွေ့ ခွင့်ပေးဖို့ ကလပ်အသင်းကို တောင်းဆိုသွားတဲ့ ဗာရတ်တီ




 ထွက်ပေါ်​လာသည့်​ သတင်းများအရ ပြင်​သစ်​ကလပ်​ ပီအက်​စ်​ဂျီအသင်းရဲ့ အသက်​ 24 နှစ်​အရွယ်​ အီတလီကွင်းလယ်​လူ ဗာရတ်တီဟာ ဘာစီလိုနာအသင်းသို့ ​ပြောင်း​ရွှေ့ ကစားရန်​ ကလပ်အသင်းကိုတောင်းဆိုသွားတယ်​လို့ ​ဖော်​ပြထားတာကိုတွေ့ ရပါတယ်။
 
အီတလီသတင်း​တွေရဲ့ ​ဖော်​ပြချက်​အရ လက်​ရှိ အားလပ်​ရက်​ ခရီးထွက်​​နေသူ ဗာရတီမှ ''ဘာစီလိုနာအသင်းကို ​ပြောင်း​ရွှေ့ ခွင့်​​ပေးပါ။ ကျွန်​​တော်​ ပီအက်​စ်​ဂျီကို ပြန်​မလာချင်​ဘူး'' လို့ ​တောင်းဆိုခဲ့တယ်​လို့ ​ဖော်​ပြခဲ့ပါတယ်​။

ပြင်​သစ်​ကလပ်​ ပီအက်စ်ဂျီအသင်းမှာ ဗာရတီအား ​ရောင်းချဖို့ ဆန္ဒမရှိ​ကြောင်း သိရပြီး၊ အကယ်​၍ ကစားသမားအား လက်​လွတ်​ရမည်​ဆိုပါက ၎င်းအတွက်​ ယူရိုသန်း 100 ထိ ​ကြေးသတ်​မှတ်​ထား​ကြောင်း သိရပါတယ်​။


Mocha

#sport.thithtoolwin.com

Ref: Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment