Powered by Blogger.

အေစီမီလန်အသင်း ကနေထွက်ခွာတော့မယ့် ဂိုးသမားလေး ဒွန်နာရမ်းမာ



အေစီမီလန် အသင်းရဲ့ ဂိုးသမားလေး ဒွန် နာရမ် မာ ဟာ အသင်းနဲ့ စာချုပ် သက် တမ်းမတိုးတော့ဘူးလို့ ယမန်နေ့က ကြေငြာသွားခဲ့ပြီဖြစ် ပါတယ် ။ ဒါကြောင့်ရာသီသစ် အတွက် ပြင် ဆင် မှုတွေ လုပ်နေတဲ့ အေစီမီလန် တို့ ဂိုးသမားရှာပုံတော်ဖွင့် ရတော့မှာဖြစ်ပါတယ်။

အသင်းနှင့် စာချုပ်သက်တမ်းမတိုးတော့တဲ့ အသက် ၁၈နှစ်အရွယ်ဂိုးသမားလေး ဒွန်နာရမ်မာကို ရီးရဲလ်မတ်ဒရစ်အသင်းနဲ့  ပီအက်စ်ဂျီအသင်းတို့ ကခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။အဆိုပါဂိုသမားလေးဟာ အနာဂါတ်မှာ ဂျုဗီတပ်အသင်းနှင့် အီတလီလက်ရွေးစင်အသင်းမှာကစားနေတဲ့ ဂိုးသမားကြီးဘူဖွန်နေရာဆတ်ခံဖွယ်ရှိတဲ့ အလားလာကောင်းတဲ့ ကစားသမားအဖြစ်အသိမှတ်ပြုခံထားရတာဖြစ်ပါတယ်၊

ဒွန်နာရမ်းမာ က မီလန်အသင်း နဲ့ စာချုပ် သစ် မချုပ် ဆိုဖို့ ဆုံးဖြတ် လိုက်ပြီဆိုတဲ့အ ကြောင်း အေဂျင့်ရွိုင်းအိုလာက ကလပ်အသင်းကို အသိပေးခဲ့ပါတယ် ။ ဒီဆုံးဖြတ် ချက် ကို ကစားသမားကိုယ် တိုင် က ချမှတ် ခဲ့တာပါလို့ အေစီမီလန် အသင်းဘက်က ပြောကြားလိုက်ပါတယ်။

 Mocha

#sport.thithtoolwin.com

 Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment