Powered by Blogger.

လာမယ့် ရာသီမှာဝတ်ဆင်မယ့် အိမ်ကွင်း အဝေးကွင်းဝတ်စုံတွေကို မိတ်ဆတ်လိုက်တဲ့  ရီးရဲလ်မတ်ဒရစ်





ရီးရဲလ်မတ်ဒရစ်အသင်း ဟာ၂၀၁၇-၂၀၁၈ ရာသီမှာဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံနဲ့ အဝေးကွင်းဝတ်စုံများကိုထုတ်ဖော်ပြသလိုက်ပါတယ်။ နည်းပြဇီဒန်းရဲ့ ရီးရဲလ်မတ်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဆုဖလားကို ဆွတ်ခူးပြီး အောင်မြင်မူနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။


၂၀၁၇-၂၀၁၈ ရာသီမှာရီးရဲလ်မတ်ဒရစ်အသင်းဝတ်ဆင်မယ့် ဂျာဆီကို Adidas က အထူးပြုလုပ်ထားပြီး အဝေးကွင်းဝတ်စုံအနေနဲ့တော့ အနက်ရောင်ဂျာစီကို ပြန်လည်ဝတ်ဆင်ကစားမှာပါ။

အိမ်ကွင်းဝတ်စုံ ကိုအဖြူရောင်ဖြစ်ပြီးပခုံးတွင် အပြာရောင်အစင်းနဲ့ အသင်းရဲ့ လိုဂို ၊ စပွန်ဆာတံဆိပ်များကိုလည်း အပြာရောင်ဒီဇိုင်းနဲ့ ပြုလုပ်ထားတာကိုတွေ့ ရပါတယ်။ ဂိုးသမား ကေလာနာဗတ်စ်ကတော့ ကာကီစိမ်းရောင်ဂျာဆီဖြင့်  ၀တ်ဆင်ကစားမှာဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

 Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment