လာကာဇတ်တီ ကိုပီအက်စ်ဂျီအသင်းထံ ရောင်းချရန်ဆန္ဒရှိနေသည့်  လိုင်ယွန်အသင်း
လိုင်ယွန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဂျီယန်မိုက်ကယ်က အသင်းရဲ့ ပြင်သစ်တိုက်စစ်မူး လာကာဇက်တီကို ပြည်ပကလပ်များထက် ပြည်တွင်းကလပ်တွေ တိုးတက်ဖို့ ရည်ရွယ်၍ ပီအက်စ်ဂျီအသင်းသို့ ရောင်းချပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။။
ဒါကြောင့် လာကာဇတ်တီအား ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေသည့် အာဆင်နယ်အသင်းအတွက် သတင်းဆိုး ဖြစ်လာခဲ့ပါတယ်။ဂျီယန်မိုက်ကယ်ဟာ '' ကျွန်တော်ဟာ စီးပွားရေးသမားဖြစ်ပြီး မော်ဒန်ကလပ်ရဲ့ ဥက္ကဌ တစ်ဦးပါ။ ရရှိတဲ့ ပြောင်းရွှေ့ ကြေးနဲ့ ပြင်သစ်ဘောလုံးလောကကို အထောက်အကူဖြစ်စေချင်ပါတယ်ဒါကို ကျွန်တော်အရင်ကလည်း လုပ်ခဲ့ပါတယ်''
"တကယ်လို့ အခြားအသင်းတွေ ကမ်းလှမ်းတဲ့ ပမာဏအတိုင်း ကမ်းလှမ်းမယ်ဆိုရင် လာကာဇက်တီအနေနဲ့ ပီအက်စ်ဂျီကို ပြသနာမရှိပဲ သွားရောက်ကစားနိုင်ပါတယ်'' လို့ ဆိုပါတယ်။ပြောင်းရွေ့ ကြေး ပေါင်သန်း 60 ထိရှိနေတဲ့ လာကာဇတ်တီဟာ ပြီးခဲ့ တဲ့ရာသီ လီဂူးဝမ်း၌ လိုင်ယွန်အတွက် 28 ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: Mirror
0 comments :
Post a Comment