Powered by Blogger.

လာမယ့်ရာသီအသင်းမှာ ဆက်လက်ရှိနေဖွယ်ရှိနေတဲ့  ၀ိန်းရွန်းနီ


ရွန်းနီဟာ မန်ယူအသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အသင်းရဲ့အိမ်ကွင်းဝတ်စုံသစ်ကြော်ငြာမှာ မော်ဒယ်အဖြစ်ပါဝင်ခဲ့ပါတယ်။

အသက်၃၁ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ကမ်းလှမ်းမှုတွေရရှိခဲ့ပေမယ့် ပယ်ချခဲ့ပြီး အခုချိန်မှာတော့ သူ့ကိုအသင်းဟောင်း အဲဗာတန်နဲ့ တရုတ်စူပါလိဂ် အသင်းတွေက စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့လက မန်ယူအသင်းဟာ သူတို့ရဲ့ဖေ့စ်ဘွတ်ကာဗာပုံမှာ ရွန်းနီပါဝင်ခဲ့တဲ့ပုံကိုဖြုတ်ချခဲ့အပြီးမှာ အသင်းကနေထွက်ခွာတော့မယ်ဆိုပြီး သတင်းတွေကျယ်လောင်လာခဲ့တာပါ။

ဒါပေမယ့်အခုချိန်မှာတော့ မန်ယူအသင်းဟာ သူတို့ရဲ့ဂိုးအများဆုံးစံချိန်ရှင် ရွန်းနီကို အိမ်ကွင်းဝတ်စုံကြော်ငြာမှာ အဓိကမော်ဒယ်အဖြစ် ပေါ့ဘာ၊ မစ်ခီတာရန်း၊ လင်ဒီလော့ဖ် တို့နဲ့အတူအသုံးပြုခဲ့ပြီး အသင်းရဲ့ဝက်ဘ်ဆိုက်နဲ့ တွစ်တာအကောင့်တွေမှာတင်ခဲ့ပါတယ်။

အခုပုံတွေအရရွန်းနီကို မော်ရင်ဟိုအနေနဲ့ လာမယ့်ရာသီမှာ နေရာတစ်နေရာပေးဖို့ရှိနေပါတယ်။
အင်္ဂလန်ကလာတဲ့သတင်းတွေအရတော့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးအများဆုံးစံချိန်ရှင်ရွန်းနီကို အသင်းကနေထွက်ခွာဖို့ ဖိအားပေးထားတာတွေ ရှိမနေပဲမန်ယူနဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်သွားဖို့ရှိနေတယ်လို့သိရပါတယ်။

   Mocha

 #sport.thithtoolwin.com

   Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment