ဂျာမနီနည်းပြဂျိုအာချင်လိုးက၎င်းရဲ့ငယ်ရွယ်နုပျိုတဲ့ကွန်ဖက်ဒရေးရှင်းပြိုင်ပွဲဝင်အသင်းဟာရုရှားမှာအောင်ပွဲခံနိုင်ခဲ့ပြီးနောက်သမိုင်းမှတ်တမ်းဝင်သွားခဲ့ပြီလို့ပြောလိုက်ပါတယ်။
ဂျာမနီဟာကွန်ဖက်ဒရေရှင်းဖလားဗိုလ်လုပွဲမှာလားဟ်စတင်ဒယ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့အတူသမိုင်းတစ်လျှောက်ကွန်ဖက်ဒရေးရှင်းဖလားကိုပထမဦးဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂျာမနီရဲ့နာမည်ကျော်ကစားသမားတွေမပါဝင်ဘဲကွန်ဖက်ဒရေးရှင်းဖလားကို အနိုင်ရဗိုလ်စွဲနိုင်ခဲ့တာနဲ့ပက်သက်ပြီးဂျိုအာချင်လိုးက "ဒီဖလားဟာတန်ဖိုးကြီးမားတဲ့ဖလားပါပဲ။ ဘာလို့လဲဆိုတော့ဂျာမနီရဲ့သမိုင်းမှာဒီဆုဖလားကိုမရခဲ့ဖူးလို့ပါပဲ။
ဒါ့ကြောင့်ဒီအသင်းနဲ့ဒီရလဒ်ဟာသမိုင်းမှတ်တမ်းဝင်သွားခဲ့ပါပြီ။ ဒီအသင်းဟာကွန်ဖက်ဒရေးဖလားနဲ့တကယ်ကိုထိုက်တန်လှတာကြောင့်ကျွန်တော်တို့အလွန်အမင်းပျော်ရွှင်နေကြတာဖြစ်ပါတယ်။
ဒီဖလားဟာကမ္ဘာ့ဖလားထက်တောင်ကြီးကြယ်တယ်လို့ကြီးကြယ်လှပါတယ်။" လို့ပြောသွားပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment