Powered by Blogger.

ဆာဂျီယိုရိုမီယိုကို ၂၀၂၁အထိသက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ မန်ချက်စတာယူနိုက်တက်



မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသမားဆာဂျီယို ရိုမီယိုကို၂၀၂၁အထိရှိနေမယ့်သက်တမ်းတိုးစာချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။ရိုမီယိုဟာ၂၀၁၅ခုနှစ်တုန်းကအီတလီကလပ်ဆမ်းဒိုရီယားအသင်းကနေယူနိုက်အသင်းကိုအလွတ်ပြောင်းရွေ့ ကြေးဖြင့်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရိုမီယိုဟာအာဂျင်တီနားလက်ရွေးစင်အသင်းရဲ့ အဓိကဂိုးသမားတဦးဖြစ်ပြီး ၂၀၁၄ကမ္ဘာဖလား နဲ့ ၂၀၁၆ကိုပါအမေရိကဖလားတို့ မှာအသင်းရဲ့ အဓိကဂိုးသမားတစ်ဦးဖြင့် စတင်ဝင်ရောက်ကစားထားခဲ့ပြီးဗိုလ်လုပွဲအထိတက်လှမ်းနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါ အာဂျင်သားဟာ ပြီးခဲ့တဲ့မေလတုန်းကယှဉ်ပြိုင်ကစားခဲ့တဲ့အေဂျက်စ်အသင်းနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ဖွယ်စဉ်မှာ မန်ယူအသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ဒေဗစ်ဒီဂီယာကိုကျော်လွန်၍ ပွဲထွက်ခွင့်ရရှိခဲ့ပြီးဝင်ရောက်ကစားခဲ့ရပါတယ်။အဆိုပါပွဲမှာမန်ယူအသင်းဟာ ယူရိုပါလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆာဂျီယိုရိုမီယိုဟာ လာမယ့်ရာသီမှာမန်ယူအသင်းရဲ့ပထမဦးစားပေးဂိုးသမားဖြစ်လာဖွယ်ရှိနေပြီးအဓိကဂိုးသမား ဒီဂီယာဟာရီးရဲလ်အသင်းသို့ပြောင်းရွေ့ ဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းစာများကဖော်ပြထားတာတွေ့ ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbcsport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment