Powered by Blogger.

ဝက်စ်ဟမ်းအသင်းသို့  ကာလရှည်စာချုပ်ဖြင့် ထပ်မံအငှားချခံခဲ့ရတဲ့ ဂျိုးဟတ်


မန်ချက်စတာ စီးတီးအသင်းမှာ နေရာရဖို့ မဖြစ်နိုင်တော့ တဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဖြစ်သူ ဂျိုးဟတ်ဟာ ဒီနှစ်ဘောလုံးရာသီမစခင်မှာတော့ ၀က်စ်ဟမ်း အသင်းကို ပြောင်းရွေ့တော့မှာ ဖြစ်တယ်လို့ သိရ
ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလဲ မန်စီးတီး အသင်းကနေ စီးရီးအေ ကလပ် တိုရီနို အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့တာပါ။

အငှားစာချုပ် ပြည့်သွားလို့ မန်စီးတီး အသင်းကို ပြန်လာခဲ့ပေမဲ့လဲ ဂွာဒီယိုလာရဲ့ ကြိုဆိုပုံက ဂျိုးဟတ်အတွက်တော့ ခါးသီးမှုတွေ အပြည့်နဲ့ပါ။ အသင်းမှာ ဂျိုးဟတ် အတွက် နေရာမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောထားတာပါ။ ဒါကြောင့် ဂျိုးဟတ် အနေနဲ့ ၀က်စ်ဟမ်းကို ကာလရှည် အငှာစာချုပ်နဲ့ ပြောင်းရွေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဂျိုးဟတ်ရဲ့ လစာဖြစ်တဲ့ တစ်ပတ် ပေါင် တစ်သိန်း နှစ်သောင်းကိုတော့ ၀က်စ်ဟမ်း နဲ့ မန်စီးတီးတို့က ပေါင်းပေးမယ်လို့လဲ သိရပါတယ်။ ၀က်စ်ဟမ်း အသင်းဟာ စတုတ်စီးတီး အသင်းရဲ့ တောင်ပံ ကစားသမား အာနောတိုဗစ် ကိုလဲ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment