Powered by Blogger.

မာရက်စ်ကို ခေါ်ယူဖို့  ကြိုးပမ်းနေတဲ့ ရိုးမား


ရိုးမား အသင်းဟာ လက်စတာစီးတီး အသင်းရဲ့ တောင်ပံကစားသမား  မာရက်စ်ကို ခေါ်ယူဖို့အတွက်ကမ်းလှမ်းမူတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အပြောင်းအရွေ့ အတွက် ရိုးမားနဲ့ လက်စတာအသင်းတို့ ဆွေးနွေး နေပြီး လက်စတာအသင်းဟာ အဆိုပါအယ်ဂျီရီးယားကစားသမားအတွက် ပေါင်သန်း၄၀ခန့် အလိုရှိနေတယ်လို့သိရပါတယ်။

ရိုးမား အသင်းကတော့ အဆိုပါ အယ်ဂျီးရီးယန်း သားအတွက် ပေါင် ၂၁ သန်းအပါအ၀င် ခြေစွမ်း အပေါ်မူတည်ပြီး ထပ်လောင်းပေးလိုတဲ့ အနေအထားပါ။မာရက်စ်ကို အာဆင်နယ် အသင်းကလဲ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပေမဲ့ ပြောင်းရွေ့ကြေးနှုန်း များနေတာက အာဆင်နယ် အသင်းကို နောက်ဆုတ်ဖို့ ဖြစ်စေခဲ့ပါတယ်။

အဲဗာတန်နဲ့ ချယ်လ်ဆီး အသင်းတို့ကလဲ မာရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရိုးမားအသင်းအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွေ့သွားတဲ့ ဆာလာရဲ့ နေရာမှာ အစားထိုးဖို့အတွက် မာရက်စ်ကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment