Powered by Blogger.

မန်ယူအသင်းနဲ့  ပြောင်းရွေ့ ကြေး ပေါင်၇၅သန်းဖြင့် သဘောတူညီမူရရှိခဲ့ ပြီဖြစ်တဲ့ လူကာကူ




မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်တိုက်စစ်မူး ရိုမီယိုလူကာကူကို ပြောင်းရွှေ့ ကြေးပေါင် ၇၅သန်းဖြင့်သဘောတူညီမူရရှိသွားပြီလို့ သိရပါတယ်။

 နည်းပြဟိုဆေးမော်ရင်ဟိုဟာ တပည့် ဟောင်းလူကာကူကိုချဲလ်ဆီးအသင်းထက်လက်ဦးမူရယူပြီးကြားဖျက်ခေါ်ယူနိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ယူုနိုက်တက်အသင်းဟာအဲဗာတန်အသင်းမှတိုက်စစ်မူးလူကာကူ ကိုခေါ်ယူပြီးအသင်းရဲ့ တိုက်စစ်မူးဝိန်းရွန်းနီကို အဲဗာတန်အသင်းသို့ ပြန်လည်အငှားချခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ဟိုဟာအသင်းကနေထွက်ခွာတော့မယ့်ဇလာတန်အီဗရာမိုဗစ်နေရာမှာအစားထိုးဖို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မူးမိုရာတာ ကိုအဓိကပစ်မှတ်ထားခဲ့သော်လည်းရီးရဲလ်အသင်းနဲ့ ပြောင်းရွှေ့ ကြေးအဆင်မပြေဖြစ်ခဲ့ ပြီး တပည့်ဟောင်းလူကာကူကိုအရခေါ်ယူခဲ့ ခြင်းဖြစ်ပါတယ်။

 လူကာကူဟာ အစောပိုင်းက ချဲလ်ဆီးအသင်းသို့ ပြောင်းရွေ့ ခါနီးမန်ယူအသင်းကလက်ဦးမူရယူခဲ့ ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment