Powered by Blogger.

ကင်ဆာရောဂါသည် ကလေးငယ်အတွက် မျက်ရည်ကျခဲ့တဲ့ ဂျာမိန်းဒီဖိုး





ဆန်းဒါးလန်းအသင်းကနေ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး ဂျာမိန်းဒီဖိုးဟာ သူ့ရဲ့ ဘုန်းမောက်ကစားသမားအဖြစ် မိတ်ဆက်ပွဲမှာ ဆန်းဒါးလန်းပရိသတ်လေးဖြစ်တဲ့ ကင်ဆာရောဂါသည် လိုရီအတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝမ်းနည်းမျက်ရည်တွေကျခဲ့ပါတယ်။

ဘရက်ဒ်လေလိုရီဟာ neuroblastoma ကင်ဆာရောဂါကို ခံစားနေရာဖြစ်ပြီး ဒီဖိုးနဲ့ လိုရီတို့ဟာ ဆန်းဒါးလန်းအသင်းမှာတုန်းက အရမ်းကို ရင်းနှီးခဲ့ကြတာပါ။ ဒီဖိုးရဲ့ လာဘ်ကောင်လေးအနေနဲ့ ဆန်းဒါးလန်းအသင်းရဲ့ ပွဲစဉ်တွေမှာ အမြဲလိုလို ပါဝင်ခဲ့ပြီး လိုရီနဲ့ ဒီဖိုးတို့ရဲ့ ကရုဏာသက်ဖွယ် ပုံရိပ်တွေဟာ ဘောလုံးလောကမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပါတယ်။

"ဒီကလေးလေးဟာ နတ်သမီးတွေနဲ့ ကောင်းကင်ဘုံကို သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကလေးလေးရဲ့ နောက်ဆုံးထွက်သက်ကို စောင့်ကြည့်နေရတာက ကျွန်တော်တို့အတွက်တော့ အခက်ခဲဆုံးအချိန်တွေပါပဲ။ သူရောဂါကို တိုက်ခိုက်ပြီး သူ့ရဲ့ နောက်ဆုံးအချိန်အထိ တိုက်ခိုက်နေရပါတယ်။ " လို့ လိုရီရဲ့ မိသားစုက ပြောကြားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment