Powered by Blogger.

ဂန်းနားတို့ ရဲ့တပ်သားသစ် အဲလက်ဇန်းဒါးလာကာဇတ်တီ


အာဆင်နယ်အသင်းဟာ လိုင်ယွန်တိုက်စစ်မူး အဲလက်ဇန်းဒါးလာကာဇတ်တီ ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် ၅၃သန်းဖြင့်ခေါ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။အဆိုပါပြင်သစ်သားဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကအာဆင်နယ်အသင်းနဲ့ ဆေးစစ်မူခံယူပြီး ငါးနှစ်သက်တမ်းရှိတဲ့စာချုပ် ချုပ်ဆိုနိုင်ခဲ့ တယ်လို့ သိရပါတယ်။

လာကာဇတ်တီဟာ ရာသီကြိုခြေစမ်းပွဲစဉ်များမတိုင်မီတပါတ်အလိုမှာ အာဆင်နယ်အသင်းနဲ့လာရောက်ပူးပေါင်းပြီ ခြေစမ်းပွဲစဉ်တွေမှာဝင်ရောက်ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။အာဆင်နယ်အသင်းရဲ့ နည်းပြကြီးအာဆင်ဝင်းဂါးက " ကျွန်တော်လာကာဇတ်တီနဲ့ အခုလိုအလုပ်တူတူတွဲလုပ်ရမှာအရမ်းပျော်ပါတယ် ၊ သူဟာအဆုံးသက်သေချာတဲ့တိုက်စစ်မူးတယောက်ဖြစ်ပါတယ်၊ လာမယ့်ရာသီမှာခြေစွမ်းပြသနိုင်မယ်လို့ ယုံကြည်ပါတယ်"လို့ ပြောဆိုသွားခဲ့ ပါတယ်။

 အာဆင်နယ်အသင်းဟာ၂၀၁၃ခုနှစ်က မက်စ်အိုဇေးကို ရီးရဲလ်မက်ဒရစ်အသင်းကနေပေါင် ၄၃သန်းဖြင့် ခေါ်ယူခဲ့တဲ့စံချိန်တင်ပြောင်းရွှေ့ ကြေးပမာဏ ကိုကျော်လွန်ပြီးလာကာဇတ်တီကိုခေါ်ယူခဲ့ခြင်းဖြစ်ပါတယ် ။


Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment