Powered by Blogger.

FIFA 18 Game ရဲ့ မျက်နှာဖုံး ပိုင်ရှင်ဖြစ်လာတဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒို


  ရီးရဲ မက်ဒရစ် စတား ခရစ္စတီယာနို ရိုနယ်လ်ဒို ဟာ အသစ် ထွက် ရှိလာတဲ့ FIFA 18 ဘောလုံးဂိမ်းရဲ့ ကာဗာ ရှင် ဖြစ် လာခဲ့ပါတယ် ။ ဒါ့အပြင် ဂိမ်းထွေလာမှာလည်း ရီးရဲမက်ဒရစ် နဲ့ ချဲလ်ဆီးတို့ ကစားတဲ့ ပွဲကို ပြသခဲ့ပြီး ရိုနယ်လ်ဒို က ဖရီးကစ် က နေ ဂိုးကန် သွင်းယူခဲ့တာကို ထည့်သွင်းပြသထားခဲ့ပါတယ် ။လာလီဂါဖလားနဲ့ ချန်ပီယံလိပ်ဖလားကို ပူပူနွေးနွေးရရှိထားတဲ့  စီရော်နယ်ဒိုကတော့ သူရဲ့ အောင်မြင်မူတွေအတွတ် ပျော်ရွှင်နေမှာတော့သေချာပါတယ်။

စီရော်နယ်ဒို  ဟာFIFA Game ရဲ့ မျက်နှာဖုံးပိုင်ရှင်အဖြစ် ပထမဆုံးအကြိမ်ရွေးချယ်ခံရတာလို့ သိရပါတယ်။ခရစ္စတီယာနို ရိုနယ်လ်ဒိုဟာ ရီးယဲလ်မတ်ဒရစ်အသင်းကို ၂၀၁၂ခုနှစ် နောက်ပိုင်းလာလီဂါဖလားကို ပြန်လည်ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ပြီးချန်ပီယံလိဂ်မှာလည်း အသင်းကို နှစ်နှစ်ဆတ် ဗိုလ်စွဲအောင် ကူညီပေးထားနိုင်းခဲ့ ပါတယ် ။

ချန်ပီယံလိဂ်မှာ လည်းသွင်းဂိုး ၁၂ ဂိုးထိသွင်းယူပြီးပြိုင်ဘတ် မက်စီကို ကျော်ဖြတ်ကာ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ ပါတယ်။ပေါ်တူဂီစတားခရစ္စတီယာနို ရိုနယ်လ်ဒို ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၄၂ဂိုးအထိ ရီးယဲလ်မတ်ဒရစ်အသင်းအတွတ် သွင်းယူပြီးခြေစွမ်းပြကစားထားတာကိုလည်းတွေ့ ရပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment