Powered by Blogger.

ဒဏ်ရာအခြေအနေ သက်သာကြောင်း ဟာဇက်ဖွင့်ဟ





အီဒင်ဟာဇက်ဟာ ခြေကျင်းဝတ်ရိုးကျိုးတဲ့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လာမယ့် စက်တင်ဘာလအထိ အနားယူရမယ့် အနေအထား ရှိနေပါတယ်။ ချယ်လ်ဆီးတောင်ပံ တိုက်စစ်မှူးဟာ ဒီဒဏ်ရာကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဘယ်လ်ဂျီယမ်အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ရရှိသွားခဲ့တာပါ။

ဒါပေမယ့် ဒီဒဏ်ရာနဲ့ပါတ်သက်ပြီး “ကျွန်တော့်ရဲ့ ခြေကျင်းဝတ်ခွဲစိတ်မှုက အဆင်ပြေပါတယ်၊ အခုကစလို့ ပြန်ကောင်းလာတော့မှာပါ! ပိုပြီး သန်မာလာမှာပါ။ ခင်ဗျားတို့ရဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ တင်ထားခဲ့ပါတယ်။

အသက် ၂၆နှစ်အရွယ် ကစားသမားဟာ စာနဲ့အတူ ဆေးရုံကအိပ်ယာပေါ်မှာလဲလျောင်းပြီး လက်မထောင်နေတဲ့ ပုံစံနဲ့ ဓာတ်ပုံရိုက်ပြီး တင်ထားခဲ့ပါတယ်။

အဲ့ဒီအပြင် ဒီအကြောင်းကို ချယ်လ်ဆီးအသင်းကလည်း အတည်ပြုခဲ့ပြီး “အီဒင်ဟာဇက်ဟာ ဘယ်လ်ဂျီယမ်အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ရရှိခဲ့တဲ့ ညာခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ လာမယ့် ၃လအတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ ခန့်မှန်းရပါတယ်” လို့ ဆိုခဲ့တာပါ။

ဒီလို သုံးလခန့်အနားယူရဖွယ်ရှိတာကြောင့် ချယ်လ်ဆီးရဲ့ ရာသီကြိုပွဲစဉ်တွေကို ဟာဇက်အနေနဲ့ လွဲချော်ဖွယ်ရှိနေပါတယ်။

    Brucee

  #sport.thithtoolwin.com

   Ref: The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment