Powered by Blogger.

ပရီးမီးယားလိဂ်ဖလားနဲ့  ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းမျိုးမှာ ကစားချင်တယ်ဆိုတဲ့ လူကာကူ



အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူ ဟာအခုနွေရာသီမှာ အသင်းကထွက်မယ်လို့ထပ်မံအတည်ပြုလိုက်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ စိန်ခေါ်နိုင်တဲ့အသင်းမျိုးမှာကစားချင်တာလို့ ပြောလိုက်ပါတယ်။ လူကာကူကို ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့လူကာကူ ဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လူကာကူက“ဘာလုပ်ရမလဲဆိုတာကျွန်တော်သိပါတယ်။ကျွန်တော့အေးဂျင့် ရိုင်အိုလာက သူ့အလုပ်ကို အဆုံးသတ်နိုင်မှာပါ။လောလောဆယ်မှာ ကလပ်အချို့နဲ့ဆွေးနွေးနေပါတယ်။

ကျွန်တော်က ချန်ပီယံလိဂ်မှာကစားချင်သလို ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲချင်တာပါ။”လို့ပြောသွားပါတယ်။ လူကာကူရဲ့ အေးဂျင့် ရိုင်အိုလာဟာ မန်ယူအသင်းနဲ့နီးစပ်တဲ့အတွက် မန်ယူကိုရောက်ဖို့များနေတယ်လို့လည်းသုံးသပ်နေကြပါတယ်။

Mocha

#sport.thithtoolwin.com

 Ref:Daily mail






Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment