Powered by Blogger.

အမ်ဘက်ပီအတွက် ယူရို (၁၃၅)သန်းနဲ့  တတိယအကြိမ်ထပ်မံကမ်းလှမ်းမယ့် ရီးယဲလ်မတ်ဒရစ်အသင်း




ရီးယဲယ်မက်ဒရစ်အသင်းသည် လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းအတွက် စံချိန်တင်အပြောင်းရွှေ့ဈေးနဲ့  ကစားသမားများ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့  သတင်းများထွက်ပေါ်နေပါတယ်။ ယခုအခါမှာလည်း မိုနာကို တိုက်စစ်ကစားသမားလေး အမ်ဘက်ပီကို တတိယအကြိမ် ယူရို (၁၃၅)သန်းခန့်အသုံးပြုကာ ထပ်မံကမ်းလှမ်းသွားမည်ဟု RMC Sports မှအခိုင်အမာဖော်ပြသွားပါတယ်။

ထွက်ေါ်လာတဲ့ သတင်းများအရရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၌အဆင်မပြေဖြစ်နေသည့် ဂျိန်းရိုဒရီဂွတ်အားရောင်းထုတ်ကာ ရရှိလာသော အမြတ်ငွေများဖြင့် ကစားသမားတစ်ဦးကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ပြင်ဆင်နေခြင်းဖြစ်တယ်လို့  သိရှိရပါတယ်။

အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဂါရတ်ဘေးကို လည်း မန်ချက်စတာယူနိုက်တတ်အသင်းကစံချိန်တင်ပြောင်းရွှေ့ ဈေးဖြင့် ကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment