Powered by Blogger.

ဒီဂီယာကို ခေါ်ယူရန် လက်လျော့ လိုက်တဲ့  ရီးရဲလ်မက်ဒရစ် အသင်း



ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ယူအသင်း ဂိုးသမား ဖြစ်သူ ဒီဂီယာကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေခြင်းကို အဆုံးသတ်လိုက်ပြီ ဖြစ်တယ်လို့  သိရပါတယ်။ ကလပ်အသင်း အနေနဲ့ လက်ရှိ အသင်းမှာ ပထမ ဦးစားပေး ဂိုးသမား ဖြစ်တဲ့ ကီလာနာဗက်စ်ကိုဘဲ ဆက်လက် အခွင့်အရေး ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

စပိန်မာကာသတင်းဌာနရဲ့  ဖော်ပြချက် များအရ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒီဂီယာကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေခြင်းကို ဆောင်ရွက်တော့မှာ မဟုတ်ကြောင်း ရီရဲလ်မတ်ဒရစ်အသင်းကဆုံးဖြတ်ခဲ့ တယ်လို့ သိရပါတယ် ။

 ကော်စတာရီကာ ဂိုးသမား နာဗက်စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနှင့် အတူ စပိန်လာလီဂါ ဖလားကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ၂ နှစ်ဆက် ရရှိခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အေစီမီလန် အသင်းက အီတလီ လက်ရွေးစင် အသင်း ဂိုးသမား ဒွန်နာရာမာဟာလည်း ရီးရဲလ်မက်ဒရစ် အသင်းနှင့် အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment