ဘာစီလိုနာအသင်းဟာ အာဆင်နယ်နောက်ခံလူ ဟက်တာဘယ်လာရင်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၅၀ နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ စပိန်ဘီလူးအနေနဲ့ ဂန်းနားကစားသမားကို ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာကတည်းက ကြိုးပမ်းနေခဲ့တာပါ။
သတင်းတွေအရ အသက် ၂၂နှစ်အရွယ် စပိန်စားသမားဟာ ယခုအခါမှာ နူးကမ့်ကို ပြောင်းရွှေ့ဖို့အတွက် နောက်ဆုံး ပုဂ္ဂိုလ်ရေုးပိုင်းဆိုင်ရာအချက်အလက်တွေကို အပြီးသတ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ Radio RAC1 ကတော့ ဘယ်လာရင်ဟာ အာစင်ဝင်းဂါးနဲ့ ဒီအပတ်ထဲမှာ အသင်းပြောင်းဖို့ စကားပြောခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ဘာစီလိုနာဟာ အာဆင်နယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀အထိ ပေးချေခဲ့ရတာပါ။ ဂန်းနားတွေအနေနဲ့ ဘယ်လာရင်နေရာကို အစားထိုးဖို့အတွက် ကစားသမားတစ်ယောက်ကို အမြန်ရှာဖွေနေကြောင်းလည်း သိရပါတယ်။
ဘယ်လာရင်ဟာ မနေ့တုန်းကလည်း သူ့အမိမြေကို ပြန်သွားလိုကြောင်းနဲ့ ကစားသမားဘဝမှာ ချန်ပီယံလိဂ်မှာကစားလို ကြောင်း ပြောကြားခဲ့ပါသေးတယ်။ သူက “အမှန်အတိုင်းပြောရရင် ကစားသမားတိုင်းက ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးတွေမှာ ကစားချင်ကြတာပါပဲ၊ အထူးသဖြင့်ကျွန်တော်လည်း အဲ့ဒီမှာ နှစ်နှစ်လောက်ကစားခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။
ဘာစီလိုနာဟာလည်း အသင်းရဲ့ ညာနောက်ခံလူနေရာဟာ အဓိက ပြသနာအဖြစ်တည်ရှိနေခဲ့ပြီးတော့ ရီးယဲလ်နဲ့ တွေ့ဆုံခဲ့တဲ့ အယ်လ်ကလာစီကို ပွဲစဉ်တွေမှာ ဒီအားနည်းချက်က သိသာခဲ့တာပါ။ အဲလ်ဗက်စ်ထွက်သွားပြီးကတည်းက ဒေါင်ဒေါင်မြည်ကစားသမားမရှိတော့တဲ့ နေရာကို ဘယ်လာရင်နဲ့ အစားထိုးဖို့ ပြီးခဲ့တဲ့နွေကတည်းက ဘာစီလိုနာက အလိုရှိနေခဲ့တာပါ။
#sport.thithtoolwin.com
Ref: The Sun
Great Player!!!! Very Nice!!!
ReplyDelete