ဥရောပချန်ပီယံအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ပီပီက ၎င်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေထွက်ခွာတော့မည်ဟု အတည်ပြုလိုက်ပြီး စိန်ခေါ်မှုအသစ်တွေ စတင်တော့မယ်လို့ ပြောလိုက်ပါတယ်။အသက်34 နှစ်အရွယ်ရှိတဲ့ ပီပီဟာ ပေါ်တိုအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းကို 2007 ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး စပိန်ကလပ်နှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။
ပီပီဟာ ယခုရာသီမှာတော့ ဒဏ်ရာပြသနာများနှင့်အတူ ပွဲကစားဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ 18 ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။၎င်းအားခေါ်ယူဖို့ အင်တာ၊ပီအက်စ်ဂျီနှင့် အင်္ဂလန်ကလပ်အချို့ ကမ်းလှမ်းထားကြောင်းလည်း ပီပီမှ ဆိုပါတယ်။ ပီပီရဲ့  စာချုပ်ဟာ ယခုလကုန်၌ ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ ကြေးနှင့် ရီးယဲလ်မတ်ဒရစ်အသင်းမှ ထွက်ခွာတော့မယ်လို့ဆိုပါတယ်။
"ရီးယဲလ်မတ်ဒရစ်အသင်းကကျွန်တော်နဲ့  ရှေ့ ဆက်မသွားတော့ဘူးဆိုတာက ရှင်းသွားပါပြီ။ နောက်ထပ်အသစ်တွေလုပ်ဖို့ စတင်ရတော့မှာပါ။ ကမ်းလှမ်းမှုများစွာရှိနေပြီး အင်္ဂလန်ကလပ်တွေလည်း ပါပါတယ်။ ကျွန်တော် ဒီဂျာစီဝတ်ခဲ့တဲ့ ကာလပတ်လုံး တာဝန်ကြေခဲ့ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး'' လို့ ပီပီက စပိန်ရေဒီယို အစီစဉ်တခုမှာပြောသွားခဲ့ ပါတယ် ။
Mocha
#sport.thithtoolwin.com
Ref
0 comments :
Post a Comment