Powered by Blogger.

နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား​ဟောင်း Cheick Tiote ကွယ်လွန်



အသက်​ ၃၀ သာ ရှိ​သေးသည့့်နယူးကာဆယ်​အသင်းရဲ့ ကွင်းလယ် ကစားသမား​ဟောင်း တွိုက်​တီဟာ ​လေ့ကျင့်​​ရေးကွင်းမှာ ရုတ်​တရက်​ မူး​မေ့လဲကျပြီး ​သေဆုံးခဲ့တယ်လို့သူရဲ့ အေဂျင့် ကအတည်ပြုပြောဆိုလိုက်တယ်လို့ သိရပါတယ်။

တွိုက်​တီဟာ ပြီးခဲ့သည့်​ ​လေးလကမှတရုတ်​ နိုင်ငံရှိဒုတိယတန်းကလပ်​ ​ဘေဂျင်းအင်​တာပရိုက်​ အသင်းကို ​ပြောင်း​ရွှေ့ကစားခဲ့တယ်လို့ သိရပါတယ်။

တွိုက်​တီဟာ ၂၀၁၀ ခုနှစ်​တုန်းက အက်​ဖ်​စီတွမ်​တီးအသင်းက​နေ နယူးကာဆယ်​ အသင်းကို ​ပေါင်​ ၃.၅ သန်းဖြင့်​​ပြောင်း​ရွှေ့လာခဲ့ပြီး နယူးကာဆယ်​ အသင်းအတွက်​ ၇ နှစ်​အတွင်း ပွဲ​ပေါင်း ၁၅၆ ပွဲ ပါဝင်​ကစား​ပေးခဲ့ပြီး နယူးကာဆယ်​ အသင်းအတွက်​ ၁ ဂိုးသာ သွင်းယူ​ပေးနိုင်​ခဲ့ပါတယ်။သူ၏ဂိုးမှာ အမှတ်​တရ ဖြစ်​​လောက်​သည့်​ အာဆင်​နယ်​အသင်းနှင့်​ ၄ ဂိုးစီ သ​ရေကျခဲ့သည့်​ ပွဲစဉ်​မှာ သွင်းယူနိုင်​ခဲ့ခြင်းဖြစ်​တယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment