Powered by Blogger.

ဘာကာယိုကို ကိုခေါ်ယူဖို့ တိုက်စစ်မူး ဘတ်ရူဝါရီအား အလှယ်ထပ်လုပ်ဖွယ်ရှိနေသည့် ချယ်ဆီး



ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီးအသင်းဟာ လာမယ့် ရာသီ၌ ပြည်တွင်းပွဲစဉ်တွေအပြင် ဥရောပပွဲစဉ်တွေပါ ကစားရဖို့ ရှိနေခြင်းကြောင့် အသင်းလူစာရင်းအား ဖြည့်တင်းသွားဖို့ လုပ်ဆောင်နေပြီး နည်းပြကွန်တီမှ မိုနာကိုစတား ဘာကာယိုကိုအား အဓိကပစ်မှတ်ထားလာပါတယ်။

မိုနာကိုအသင်းရဲ့ အသက် 22 နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ ဘာကာယိုကိုအား ချယ်ဆီးအသင်းမှ ပေါင် 43 သန်းဖြင့် ကမ်းလှမ်းဖို့ရှိနေပြီး နောက်အပတ်အတွင်း တရားဝင်ဆွေးနွေးမှူ စတင်တော့မယ်လို့ သိရပါတယ်။

မိုနာကိုအသင်းမှ ပြင်သစ်သားကစားသမားအား ရောင်းချဖို့ ဆန္ဒမရှိကြောင်း သိရပေမယ့် ချယ်ဆီးအသင်းမှ မိုနာကို အသင်းသို့ ဘဲလ်ဂျီယံတိုက်စစ်မူး ဘတ်ရုဝါရီအား အငှါး(သို့) အပြီးသတ် ရောင်းချပေးဖွယ်ရှိနေပြီး ဘာကာယိုကိုရဲ့ အပြောင်းအရွှေ့ အထောက်အကူပြုစေမယ်လို့ ချယ်ဆီးမှ ယုံကြည်နေပါတယ်။
သတင်းများအရ နွေရာသီအပြောင်းအရွှေ့ အတွက် ချယ်ဆီးနည်းပြ ကွန်တီအတွက် အသုံးစရိတ် ပေါင်သန်း 200 ထိရှိနေကြောင်း သိရပါတယ်။

 Mocha

#sport.thithtoolwin.com

Ref: Daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment